လိပ်သိုမြို့၌ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

လိပ်သို   ဒီဇင်ဘာ   ၁၆                                

စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများအတွက် အားကစားပြိုင်ပွဲများ ကျင်းပပေးကြောင်း သိရသည်။

အဆိုပါအားကစားပြိုင်ပွဲများကို လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် မူလတန်းအဆင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို ကျောင်း သား/ကျောင်းသူလေးများအနေဖြင့် အစဉ်အမြဲအောက်မေ့စေရန်၊ နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်နှင့် စဉ်းစားတွေးခေါ်မှုအားကောင်းစေရန် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် အာလူးကောက်ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲနှင့် အိတ်စွပ်ပြိုင်ပွဲများ ကျင်းပပေးရာကျောင်းသား/ကျောင်းသူများပျော်ရွှင်စွာပါဝင်ယှဉ်ပြိင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)