သံတောင်ကြီး ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်မှစတင်ပြီး မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးရွာများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက သစ်ခွတောင်ကျေးရွာတွင်မြစိမ်းရောင်ရန် စီမံကိန်းကော်မတီဝင်များနှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် စီမံကိန်းလုပ်ငန်းများ ဆက်လက်အောင်မြင်အောင်ဆောင်ရွက်ကြရန်၊ စာရင်းဇယားများ ပြည့်စုံအောင်ဖြည့်သွင်းထားရန်၊ အသင်းသားများကလည်းချေးငွေဖြင့် လုပ်ငန်းများအမှန် တကယ် အကောင် အထည်ဖော်ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလအတွင်းအရင်းနှင့်အတိုးများ ပြန်လည်ပေးဆပ်ကြရန်၊ မြစိမ်းရောင်အတိုးရငွေဖြင့် ကျေးရွာအတွင်း ဆောင်ရွက်မည့်ဖွံ့ဖြိုးရေးလုပ်ငန်းများအားပြောကြားပြီး တက်ရောက်လာသည့်မြစိမ်းရောင်ကော်မတီဝင်များက ကျေးရွာ ၏ လိုအပ်ချက်များအား အပြန်အလှန် ပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
စောမင်းသား