မင်းတုန်းမြို့နယ်တွင် ဆောင်းနေကြာ(ဆင်းရွှေကြာ-၂) မျိုးစေ့ထုတ်စိုက်ခင်း ကွင်းပြပွဲပြုလုပ်
Dec 15,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ကံလယ်ကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်သော ဆောင်းနေကြာ(ဆင်းရွှေကြာ-၂)မျိုးစေ့ထုတ် (၅)ဧကစိုက်ခင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီကပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်စုစာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။