သာပေါင်း ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ဆီစက်အဆင့်မြှင့်တင် ဆောင်ရွက်လိုသည့် ဆီစက်လုပ်ငန်းရှင်များအတွက် ဆီစက်လုပ်ငန်း ချေးငွေ အဆိုပြုလွှာ စိစစ်ရေးအဖွဲ့မှ ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က ဆီစက်များရှိရာ ကျေးရွာအရောက် ကြည့်ရှုစိစစ်ဆောင်ရွက် ကြသည်။
ထိုသို့ ကျေးရွာအုပ်စုများရှိ ဆီစက်အဆင့်မြှင့်တင် ဆောင်ရွက်လိုသည့် ဆီစက်လုပ်ငန်းရှင်များ အတွက် ဆီစက်လုပ် ငန်းချေးငွေ အဆိုပြုလွှာစိစစ်ရေးအဖွဲ့မှ ကွင်းဆင်းစိစစ် ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်၊ တိုင်းဒေသကြီး စက်မှုကြီးကြပ်၊ ဦးစီးအရာရှိ ဦးချစ်လွင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူးဦးထွန်းမင်းလတ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးလှဌေး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးအေးစိုးတို့မှ ကွင်းပေါက်ကျေးရွာအုပ်စုရှိ ဆီစက် လုပ်ငန်းရှင်(၅)ဦး၊ ခေနန်ကျေးရွာအုပ်စုရှိ ဆီစက်လုပ်ငန်းရှင်(၂)ဦး၊ သရက်ကုန်းကျေးရွာအုပ်စုရှိ ဆီစက်လုပ်ငန်းရှင်(၁)ဦး၊ ဒည်ကုန်း ကျေးရွာအုပ်စုရှိ ဆီစက်လုပ်ငန်းရှင်(၁)ဦး ပေါင်းကျေးရွာ အုပ်စုများရှိ ဆီစက်လုပ်ငန်းရှင် (၉)ဦးတို့နှင့် တွေ့ဆုံဆွေးနွေးပြီး အဆိုပြုလွှာတင်ပြနိုင်ရေး စိစစ်၍ ဆီစက်များအားစစ်ဆေးကြည့်ရှု စိစစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်