ဟိုပန် ဒီဇင်ဘာ ၁၈
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ၊ အမှတ်(၁၂၉)ယာဥ်ထိန်းရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့နှင့် စည်ပင်သာယာရေးဌာန ဝန်ထမ်းများ ပူးပေါင်းကာ ယနေ့နံနက်(၉)နာရီက ဟိုပန်-ချင်းရွှေဟော်-လားရှိုး လမ်းပေါ်ရှိ ဟိုပန်မြို့အဝင် ဖောင်ဆိပ်နမ့်တစ်လမ်းဆုံ၌ သွားလာနေကြသည့် အများပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေဆောင်ရွက်ခဲ့သည်။
အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ဟိုပန်မြို့နယ်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးနှင့် ဟိုပန် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ထွန်းဇော်မျိုး တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဟိုပန်မြို့အဝင် ဖောင်ဆိပ်နမ့်တစ်လမ်းဆုံ၌ သွားလာလှုပ်ရှား နေသူများအား ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေများအကြောင်း ၊ ယာဉ်မောင်းသူများ ခါးပတ်ပတ်မောင်းနှင်ကြရန်၊ မော်တော်ဆိုင်ကယ်မောင်းနှင်စီးနင်းရာတွင် ဆိုင်ကယ်ဦးထုပ်များဆောင်းကြရန်နှင့် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြ သည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မများ၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုနှိုင်းယှဉ်ချက်ဇယား၊ လမ်းဖြတ်ကူးစဉ်နှင့် ယာဉ်တိုက်မှုဖြစ်လျှင် ဆောင်ရွက်ရမည့် အချက်များ စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)