ကျောက်ဆည်မြို့နယ်တွင်  ဆောင်းနေကြာသီးနှံ (၉၆၂၀) ဧက စိုက်ပျိုးပြီးဖြစ်

ကျောက်ဆည် ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီ ဖူလုံပိုလျှံရေးအတွက် ကွင်းပေါင်း (၂၀၂)ကွင်း၊ တောင်သူပေါင်း (၃၈၇၉) ဦးတို့၏ စိုက်ပျိုးမြေများတွင် ဆောင်းနေကြာသီးနှံ(၁၅၆၈၄)ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ယနေ့ဒီဇင်ဘာ(၁၈)နေအထိ ဆောင်းနေကြာသီးနှံ (၉၆၂၀)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။

ဆောင်းနေကြာသီးနှံများကို တိုက်နယ်(၁)မှ ကွင်းပေါင်း(၁၈)ကွင်း၊ တောင်သူ(၁၇၉)ဦးတို့တွင် (၇၃၆)ဧက၊ တိုက်နယ်(၂)မှ ကွင်းပေါင်း(၁၄)ကွင်း၊ တောင်သူ(၃၁၀)ဦးတို့တွင် (၈၉၃)ဧက၊ တိုက်နယ်(၃)မှကွင်းပေါင်း(၁၁) ကွင်း၊ တောင်သူ(၂၆၇)ဦးတို့တွင်(၅၂၁)ဧက၊ တိုက်နယ်(၄)မှ ကွင်းပေါင်း(၁၂)ကွင်း၊ တောင်သူ(၇၈၈)ဦးတို့တွင် (၁၂၃၈)ဧက၊ တိုက်နယ်(၅)မှ ကွင်းပေါင်း (၁၂)ကွင်း၊ တောင်သူ(၁၀၉)ဦးတို့တွင်(၂၁၃)ဧက၊ တိုက်နယ်(၆)မှ ကွင်းပေါင်း(၁၇)ကွင်း၊ တောင်သူပေါင်း (၄၆၀) ဦး တို့တွင် (၁၁၁၆)ဧက၊ တိုက်နယ်(၇)မှ ကွင်းပေါင်း(၂၆)ကွင်း၊ တောင်သူပေါင်း(၃၉၈)ဦးတို့တွင် (၇၁၅)ဧက၊ တိုက်နယ်(၈)မှ ကွင်းပေါင်း(၂၀)ကွင်း၊ တောင်သူ(၆၅၀)ဦးတို့တွင် (၁၂၈၆)ဧက၊ တိုက်နယ် (၉)မှ ကွင်းပေါင်း(၇)ကွင်း၊ တောင်သူပေါင်း(၁၄၀)ဦးတို့တွင် (၃၈၅)ဧက၊ တိုက်နယ်(၁၀)မှ ကွင်းပေါင်း  (၁၇)ကွင်း၊ တောင်သူပေါင်း(၁၁၉)ဦးတို့တွင် (၁၂၃၀)ဧက၊ တိုက်နယ်(၁၁)မှ ကွင်းပေါင်း(၂၁)ကွင်း၊ တောင်သူပေါင်း(၁၈၃)ဦးတို့တွင်(၅၈၅)ဧက၊တိုက်နယ်(၁၂)မှ ကွင်းပေါင်း (၂၇)ကွင်း၊ တောင်သူပေါင်း (၂၇၆)ဦးတို့တွင်(၇၀၂)ဧက၊ စုစုပေါင်း(၉၆၂၀)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ သိရသည်။

နေကြာသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက  တောင်သူများနှင့်ပူးပေါင်းကာ မြေအမျိုးအစားနှင့် ရာသီဥတုအပေါ် မူတည်ပြီး ဒေသနှင့်ကိုက်ညီပြီး အောင်မြင် ဖြစ်ထွန်းမည့် အပင်ပေါက်နှုန်းကောင်းသော နေကြာမျိုးများကို အဓိကထားစိုက်ပျိုးစေပြီး နည်းပညာများ စနစ်တကျ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)