ဝေါအထကကျောင်း၌ ကဗျာ၊ စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအချိန်ပိုသင်ကြားရေးဖွင့်လှစ်ပေး

ဝေါ ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါအထကကျောင်း၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက ကဗျာ၊ စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် အလွတ်ဖြေဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများအား အချိန်ပိုသင်ကြားရေးဖွင့်လှစ်ပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အလွတ်ဖြေဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်သူများအား အချိန်ပိုသင်ကြားခြင်းကို အထကဝေါကျောင်း၌ ၁၇.၁၂.၂၀၂၂ ရက်နေ့မှစတင်၍ စနေ၊ တနင်္ဂနွေရက်များတွင် ဆောင်ရွက်လျက်ရှိရာ ဝေါမြို့နယ်အတွင်းရှိ ဘာသာရပ်ကျွမ်းကျင်သော အလယ်တန်းကျောင်းအုပ်ကြီးများနှင့် အထက်တန်းပြ ဆရာ၊ ဆရာမ(၂၁)ဦးတို့က ကြီးကြပ်သင်ကြားပေးနေပြီး အလွတ်ဖြေကျောင်းသား၊ ကျောင်းသူ(၅၇)ဦးတက်ရောက် ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)