ထားဝယ် ဒီဇင်ဘာ ၁၈
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို တနင်္သာရီတိုင်းဒေသကြီး၊ (၁၀)မြို့နယ်အခြေခံပညာ ကျောင်းသားအားကစားပြိုင်ပွဲ အသက်(၁၈)နှစ်အောက် ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ(လူရွေးပွဲ၊ ဗိုလ်လုပွဲ)ကိုယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပသည်။
ရှေးဦးစွာအမျိုးသား/အမျိုးသမီးပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
အသက်(၁၈)နှစ်အောက် (လူရွေးပွဲ၊ ဗိုလ်လုပွဲ)ပြေးပြို်ငပွဲတွင် အမျိုးသားမီတာ(၅၀၀၀) (၄၀၀)နှင့်(၁၀၀)၊ အမျိုးသမီး မီတာ(၄၀၀)အမျိုးသား/အမျိုးသမီး သုံးဆင့်ခုန်၊ လှံတံပစ်၊ လက်ဆင့်ကမ်း(၁၀၀×၄)စသည့်တို့ကို ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)