သရက်မြို့၌ အလုပ်သမားရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

သရက် ဒီဇင်ဘာ ၉

မကွေးတိုင်းဒေသကြီး သရက်မြို့၌ အလုပ်ရုံအလုပ်သမား ဉပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် လူမှုဖူ လုံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အလုပ်သမားရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၂) အကြီးစား စက်မှုလုပ်ငန်း အမှတ်(၃၁) အကြီးစားစက်ရုံ စုပေါင်းခန်းမတွင် ကျင်းပရာဝန်ထမ်းများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် အလုပ်ရုံနှင့် အလုပ်သမားဉပဒေ စစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသင်းခိုင်က (၁၉၅၂)ခုနှစ် အလုပ်ရုံများ အက်ဉပဒေအကျိုးဝင်းပုံအကြောင်း ပြောကြားပေးခဲ့ပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်နီနီခိုင်က အလုပ်သမား လျှော်ကြေးပြဿနာနှင့်ပတ်သက်၍ ပြောကြားပေးခဲ့သည်။

ဆက်လက်၍ လူမှုဖူလုံရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဒေါ်စန်းစန်းမော်က အလုပ်သမား အကျိုးခံစားခွင့်မဆုံးရှုံးစေရန် အချိန်မှီ မှတ်ပုံတင်တင်ရန်နှင့် အလုပ်တွင် ထိခိုက်မှုစာရင်းနှင့် ကျန်းမာရေးနှင့် လူမှုရေးအောက် အာမခံစနစ်မှာ မမာမကျန်း၊ မီးဖွားခွင့်ထောက်ပံ့ပေးနိုင်မှုနှင့်ပတ်သက်၍ ခံစားခွင့်ရရှိမှု အခြေအနေများကိုပြောကြားပေးခဲ့ရာ တက်ရောက်လာသည့်ဝန်ထမ်းများ မေးမြန်းမှုအပေါ် သက်ဆိုင်ရာဌာနများအလိုက် ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။  

ဇော်ထက်(သရက်)