သတင်းများ

သံဖြူဇရပ်မြို့နယ်တွင် မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်
Dec 09,2022
ပွင့်လင်းရာသီရောက်ရှိနေပြီးဖြစ်သည့်အတွက် မီးဘေးအန္တာရယ် ဖြစ်ပွားမှုမရှိစေရန် ပြည်နယ်၊ ခရိုင်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ဝါခရူကျေးရွာရှိ ကံကောင်းခြင်းရတနာသစ်ပါးလွှာစက်ရုံနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့၌ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီမှစတင်၍ စစ်ဆေးခြင်းများပြုလုပ်သည်။
နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေး
Dec 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူ ပြည်သူများ စာပေဗဟုသုတရရှိ စေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူး ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုလင်းရေးသားထားသော မိတ်ဆွေ ကောင်းရှိဖို့လိုတယ် ခေါင်းစဥ်ဖြင့်ပုံပြောခြင်းအစီအစဥ်ကို    ဒေါ်ဝင်းမာအေး (ရုပ်သံကျွမ်းကျင်-၃)က   ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့တွင် Mobile စနစ်ဖြင့်ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Dec 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဒေသနေပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများအား စာအုပ်စာစောင်များ အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ယနေ့နံနက် (၁၀)နာရီက တိုက်နယ်ကျန်းမာရေးဌာနသို့ Mobile Library ကွင်းဆင်းသွားရောက်၍ စာအုပ်များငှားရမ်းပေးခဲ့သည်။
မိုးနဲမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး (၂) ကြိမ်ထိုးနှံပြီးသူများကို ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်း ဆောင်ရွက်
Dec 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ  ကင်းစင်ပပျောက်မှုရှိစေရေးအတွက် ယမန်နေ့က  မြို့နယ်ကမ္ဘောဇခန်းမနေရာ၌ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးစပါးရိတ်သိမ်းချိန်ဈေးကောင်းရရှိသည့်အတွက် နွေစပါးစိုက်ပျိုးရေရရှိပါက လျာထားဧက​ကျော်လာနိုင်
Dec 09,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့တွင် စပါးစိုက်ပျိုးတောင်သူများအနေဖြင့် လက်ရှိမိုးစပါးရိတ်သိမ်းချိန် စပါးဈေးနှုန်းကောင်းမွန်သည့်အတွက် နွေစပါးစိုက်ပျိုးရေရရှိပါက လျာထား ဧကထက်ပိုမိုစိုက်ပျိုးလာနိုင်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ကသိရသည်။
ရွှေကျင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကျင်းပ
Dec 09,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပွဲကုန်းရပ်ကွက် အခြေခံပညာ အလယ်တန်း‌ကျောင်း(ခွဲ)တွင် လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန် လူငယ်များစာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ရပ်ကွက်နေပြည်သူများအား ကွင်းဆင်းဟောပြောဆွေးနွေး
Dec 09,2022
လွိုင်ကော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းပါဝင်သော အုပ်ချုပ်ရေးစစ်ကြောင်း၊ နိုင်ငံရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းစစ်ကြောင်းကြီး (၅)ကြောင်းဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား တွေ့ဆုံဟောပြောဆွေးနွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက် မင်းကျောင်းဘုန်းတော်ကြီးဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
မိုးနဲမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်း ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။