အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

ချမ်းမြသာစည်  ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ယနေ့နံနက် ၁၀ နာရီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို ကျော်လွှားနိုင်သည့် နည်းလမ်းများ၊ ကာကွယ်တားဆီးနိုင်သည့် နည်းလမ်းများအကြောင်းတို့ကို ဆွေးနွေးခဲ့ကြ သည်။အဆိုပါဆွေးနွေးပွဲ (Talk Show) ကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်း၀င်းနှင့် ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်တို့က ဆွေးနွေးပေးခဲ့ကြကြောင်း သိရှိရသည်။

ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)