မင်းတုန်း ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နေ့လယ် ၁ နာရီက မင်းတုန်းမြို့နယ် ကျောက်ကြီးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်ရာ ကျောင်းသား၊ကျောင်းသူ (၁၀၆)ဦးနှင့် ဆရာ၊ဆရာများ တက်ရောက်ခဲ့ကြသည်။
ဟောပြေပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ရွှေက လူငယ်နှင့် ကိုယ်ချင်းစာတရား ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး သရက်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်မှူးဦးအုန်းမြင့်၊ မင်းတုန်းမြို့နယ်တာဝန်ခံ ဦးကျော်ရွှေနှင့် ဝန်ထမ်းများက ကုန်ညွှန်းအမှတ်အသား (၈)ချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် အစားအသောက်နှင့် ကုန်ပစ္စည်းများ ဝယ်ယူရာတွင် သတိပြုရမည့် အချက်များ အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)