ခရိုင်အမျိုးသမီးကော်မတီဝင်များအား အသိပညာပေးဆွေးနွေးပွဲကျင်းပ

မဟာအောင်မြေ ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ခရိုင်အမျိုးသမီးကော်မတီဝင်များအား  GENDER၊ CEDAW အစရှိသည့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မဟာအောင်မြေခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူးက ကော်မတီ၏ လုပ်ငန်းတာဝန်များအား ရှင်းလင်းဆွေးနွေးပါသည်။

ထို့နောက် တက်ရောက်လာသည့် ခရိုင်အမျိုးသမီးကော်မတီဝင်များက အမျိုးသမီးနှင့်ကလေး သူငယ် ကာကွယ်စောင့်ရှောက်ပေးနေမှုများ၊ အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေပေးမှုများ၊ လမ်းပေါ်နေကလေးသူငယ်များအတွက် ဆောင်ရွက်ပေးမှုများ၊ မိသားစုဝင်ငွေရရှိရေး အခွင့်အလမ်းဖန်တီးပေးမှုများ၊ အမျိုးသမီးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်နိုင်ရေး အားလုံးက ပူးပေါင်းဆောင်ရွက်ကြရေးကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်ဆက်)