မိုင်းငေါ့မြို့တွင် Mobile စနစ်ဖြင့်ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

မိုင်းငေါ့ ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဒေသနေပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများအား စာအုပ်စာစောင်များ အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ယနေ့နံနက် (၁၀)နာရီက တိုက်နယ်ကျန်းမာရေးဌာနသို့ Mobile Library ကွင်းဆင်းသွားရောက်၍ စာအုပ်များငှားရမ်းပေးခဲ့သည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းငေါ့မြို့ရုံးအနေဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာများ၊ကျောင်းသား၊ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ အတွက် သုတ/ရသစာအုပ်များဖြင့်အပတ်စဉ် Mobile ငှားရမ်းပေးခြင်းကို ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)