ကြံခင်း ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် ၂၀၁၂ခုနှစ် လူမှုဖူလုံရေး အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား(၂၇)ဦးအား မကျန်းမာမှု၊ ဆေး ကုသစရိတ်နှင့်ခရီးစရိတ်များကို ယမန်နေ့နေ့လည်ပိုင်းက မြို့နယ်လူမှုဖူလုံရေးရုံးတွင် ပေးအပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်လူမှုဖူလုံရေး ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးနိုင်က ၂၀၁၂ခုနှစ် လူမှုဖူလုံရေး အကျိုးခံစားခွင့်များနှင့် ပတ်သက်သည့် အချက်များကို ရှင်းလင်းပြောကြား ပြီးနောက် အာမခံအလုပ်သမား (၁၇)ဦးအတွက် ငွေကျပ် (၁၁၃၀၄၃၀/-) ကို မြို့နယ်လူမှုဖူလုံရေး ဦးစီးအရာရှိက အကျိုးခံစားခွင့်ရအလုပ်သမားများ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)