သာစည် ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့တွင် ဒီဇင်ဘာလ လူထုစုပေါင်းလမ်း လျှောက်ပွဲ ဒုတိယပတ်ကို ဒီဇင်ဘာ ၁၀ရက် နံနက် ၅ နာရီခွဲက ဆက်လက်ကျင်းပပြုလုပ်ကြောင်းသိရသည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ဆရာ/မများနှင့်ကျောင်းသား/ သူများ၊မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများက စုရပ်ဖြစ်သော မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆက်ရေး ဦးစီးဌာနရုံးရှေ့မှစတင်၍ တောင်ကြီး-မိတ္ထီလာကားလမ်းအတိုင်း သာစည်မြို့အနောက်ဘက် အထွက်လမ်း အနီးရှိ ဝေယံစတား စက်သုံးဆီဆိုင်ရှေ့အထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး အဆိုပါ ဆိုင်ရှေ့တွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလအတွင်း အပတ်စဉ် စနေ့နေ့တိုင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက သိရသည်။ မြို့နယ်ပြန်/ဆက်