ပြင်ဦးလွင် ဒီဇင်ဘာ ၁၀
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ခရိုင်အဆင့် ရှာဖွေ ကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၂) ဆင်းပွဲကို ယမန်နေ့ ညနေ (၄) နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၀) ရှိ ပြင်ဦးလွင်ခရိုင် မီးသတ်စခန်း၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်း နည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည် ။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းမှ သင်တန်းဆင်း အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်း (၁/၂၀၂၂) တွင် ဆုရရှိသော သင်တန်းသားများအား ဆုများချီးမြှင့်ခြင်းနှင့် သင်တန်းဆင်း လက်မှတ်များကို အသီးသီးပေးခဲ့ကြ သည်။
အဆိုပါ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းကို ပြင်ဦးလွင်ခရိုင် မီးသတ်စခန်းတွင် (၂၉-၁၁ -၂၀၂၂) ရက်နေ့မှ (၉-၁၂-၂၀၂၂) ရက်နေ့အထိ သင်တန်းကာလ (၁၁) ရက်ဖြင့် နံနက် (၈)နာရီမှ ညနေ ၃ နာရီ ၄၅ အထိ သင်တန်းနည်းပြဆရာများမှ မီးသတ်တပ်ဖွဲ့အခန်းကဏ္ဍနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ၊ အခြေခံကြိုးချည်နည်း၊ ကြိုးကူးနည်းစနစ်၊ ကြိုးဆင်းနည်းစနစ်၊ ရှေးဦး သူနာပြုစုနည်းနှင့် ပတ်တီးစည်းနည်း၊ အသက်ရှူကိရိယာအသုံးပြုခြင်းနှင့် အမှောင်ထုအတွင်း လှုပ်ရှားသွားလာခြင်း စသည့်တို့ကို စာတွေ့ လက်တွေ့ စနစ်တကျသင်ကြားပို့ချခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များဖြစ်တဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြင်ဦးလွင် မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စုစုပေါင်း (၅၀)ဦး တက်ရောက်သင်ကြား ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)