သာပေါင်းမြို့နယ်၊ အခြေခံပညာ အလယ်တန်းကျောင်း (အစုကြီး)၌ စိမ်းလန်းမြေ ကျောင်းစာကြည့်တိုက်ဖွင့်ပွဲကျင်းပ

သာပေါင်း ဒီဇင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အောင်တပ်ကျေးရွာအုပ်စု၊ အစုကြီးကျေးရွာ၊ အခြေခံ ပညာအလယ်တန်းကျောင်း၌” စိမ်းလန်းမြေ” ကျောင်းစာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရေများ ပက်ဖြန်း၍ ဖွင့်လှစ်ပေးခဲ့ကြ သည်။

အခြေခံပညာ အလယ်တန်းကျောင်း(အစုကြီး) “စိမ်းလန်းမြေ” ကျောင်းစာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးကျော်တိုးမှ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုးနိုင်က ဂုဏ်ပြုဝမ်းမြောက်စကားပြောကြားသည်။

ထို့နောက် အခြေခံပညာအလယ်တန်းကျောင်း (အစုကြီး) “စိမ်းလန်းမြေ” ကျောင်းစာကြည့်တိုက် အလှူရှင် ဆရာဦးကျော်မြင့် (ရန်ကုန်)မှ စာကြည့်တိုက် တည်ဆောက် လှူဒါန်းရသည့် ရည်ရွယ်ချက်များ၊ ၃၀’×၃၀’×၁၇’ တစ်ထပ်အုပ်ညှပ် အဆောက်အဦး (၁၈၅)သိန်း၊ ပရိဘောဂနှင့် စာအုပ်၊ စာစောင်(၁၁)သိန်း ပေါင်း(၁၉၆)တန်ဖိုးရှိ စာကြည့်တိုက်နှင့် သက်ဆိုင်သည့် စာရွက်စာတန်းများအား သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်နှင်းသက်မာက ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ချီးမြှင့်ပြီး ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့ သည်။

မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းမှ စာကြည့်တိုက်အကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေး၍ ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်ဖောင်ဒေးရှင်းကိုယ်စား စာအုပ်များ ပေးအပ်လှူဒါန်းခဲ့ပြီး နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ အသင်းအုပ်ဆရာ စောဆာအယ်ဒိုထီးမှ ကျေးဇူးတင်ဝမ်းမြောက်ကြောင်းနှင့် ဆုတောင်းမေတ္တာများ ပို့သခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း (ပြန်/ဆက်)