ကျောက်ဆည် ဒီဇင်ဘာ ၁၀
ဒုတိယအပတ် လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျောက်ပွဲကို ကျောက်ဆည်မြို့ ပြည်သူ့အား စကားကွင်းတွင် ယနေ့နံနက်(၆)နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓာတ်နှင့် ခန္ဓာကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင် ကာကွယ်စေရန်နှင့် သက်တမ်းစေ့ နေထိုင်နိုင်ရေး စသည့်အကျိုးကျေးဇူးများ ရရှိစေရန်အတွက် ပျော်ရွှင်စွာ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
စုပေါင်းလမ်းလျှောက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်အတူပြည်သူများ စုစုပေါင်းအင်အား(၃၀၀)ဦးခန့် ပါဝင်ခဲ့ကြပြီး လမ်းလျောက်ပွဲအပြီးတွင် စုပေါင်းကိုယ်လက်လှုပ်ရှား အားကစားခြင်းများနှင့် အဖွဲ့အလိုက် အားစကားခြင်းစသည့် ကျန်းမာရေးနှင့်ညီညွတ်သော အားကစားနည်းများ ပျော်ရွှင်စွာပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)