အ.ထ.က ပုသိမ်ကြီးကျောင်း၌  လူငယ်စကားဝိုင်းကျင်းပ

ပုသိမ်ကြီး ဒီဇင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာန တို့ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ် ကျောင်းသားကျောင်းသူများ အသိပညာ ဗဟုသုတ ရရှိပြီး၊ ဘက်စုံထူးချွန်ထက်မြတ်သူများ ဖြစ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပခြင်းကို ဒီဇင်ဘာ ၉ရက် နံနက် ၁၀နာရီက အထက ပုသိမ်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်သန်း က လူငယ်စကားဝိုင်းများ ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ၊ မြို့နယ်ပညာရေးမှူး ဦးဝင်းဦး က ကျေးဇူးတင်စကား  ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသားကျောင်းသူများမှ လူငယ်နှင့် အားကစား၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့် မျိုးချစ်စိတ်၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့် ကျန်းမာရေး ခေါင်းစဥ် ၆ မျိုးဖြင့် လူငယ်စကားဝိုင်းကျင်းပခဲ့ပြီး၊ တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 မြို့နယ်ပြန်/ဆက်