ကျွန်းစုမြို့တွင် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ

ကျွန်းစု ဒီဇင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရှိ ကျွန်းစုမူလတန်း ကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး ဒေါ်သီနွဲ့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မူလတန်းကြို ကျောင်းအုပ် ဒေါ်ဝင်းစန္တာအေးက ကလေးများအား ပြုစုပျိုးထောင်နည်း အဆင့်ဆင့်အား ပညာပေး ဟောပြောခဲ့ပြီး အဆိုပါ မူကြိုကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲများ ဖြစ်သော မုန့်စားပြိုင်ပွဲ၊ အာလူးကောက်၊ ရေဗူးဖြည့်၊ ခုံလုပြိုင်ပွဲနှင့် စသည်ပြိုင်ပွဲများကို ဒီဇင်ဘာလ(၂၁)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မူကြိုကျောင်းရှိ အကြီးဆင့်၊ အငယ်ဆင့် ကျောင်းသား (၂၉)ဦး၊ ကျောင်းသူ(၃၄)၊ စုစုပေါင်း(၆၃)ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)