ဗဟန်းမြို့နယ်တွင် ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲ ပျော်ရွှင်စွာဆင်နွှဲ

ဗဟန်း ဒီဇင်ဘာ ၁၀

ပြည်သူများ အားကစားစိတ်ဓာတ် ရှင်သန်ထက်မြက်စေရေးနှင့် ကိုယ်လက်လှုပ်ရှားအားစား ပြုလုပ်၍ ကျန်းမာကြံ့ခိုင်လာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ဒုတိယအပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ ရွှေတောင်ကြား ၂ ရပ်ကွက်ရှိ အ-ထ-က (၁) ကျောင်းထိ  စုပေါင်းလူထု လမ်းလျှောက်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ယင်းလူထုလမ်းလျှောက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၊ NGO အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများက စုပေါင်းပါဝင် လမ်းလျှောက်ကြပြီး ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စန္ဒာဌေး(ပြန်/ဆက်)