မိုင်းခတ် ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာအားကစားလ၊ လူထုအားကစား လှုပ်ရှားမှုအနေဖြင့် (ဒုတိယပတ်) လူထုစုပေါင်း လမ်းလျှောက်ပွဲနှင့် လျှပ်တပြတ် အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်း ၅ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် အဖွဲ့ဝင် ဦးစိုင်းအေးမောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး စိုးလွင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုင်းဆိုင်လွန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်း အင်အား(၃၅၀)ဦး တက်ရောက်ကြပြီး မြို့မဈေးရှေ့အဝိုင်းပတ် လမ်းစုံမှတစ်ဆင့် မိုင်းခတ်-ကျိုင်းတုံ သွားလမ်းအတိုင်း စုပေါင်းလမ်းလျှာက်ခဲ့ကြပြီး မိုင်းခတ်မြို့၊ မြို့မအားကစားကွင်းတွင် ကိုယ်ကာယ လေ့ကျင့်ခန်းများ၊ အကြောလျော့ လေ့ကျင့်ခန်းများကို တပျော်တပါးစုပေါင်းလုပ်ဆောင်ခဲ့ကြသည်။
ဆက်လက်၍ မိုင်းခတ်မြို့၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လူထုအားကစား လှုပ်ရှားမှု လျှပ်တပြတ် အားကစားပြိုင်ပွဲများဖြစ်သည့် အမျိုးသားပိုက် ကျော်ခြင်းအားကစားနှင့် အမျိုးသမီးထုတ်ဆီးတိုး အားကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)