ရန်ကုန် ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ဒီဇင်ဘာလ (ဒုတိယပတ်) လူထု လှုပ်ရှား အားကစားလှုပ်ရှားမှုအဖြစ် လူထုလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီခွဲအချိန်က ပြည်အရှေ့ရပ်ကွက် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများက လမ်းလျှောက် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ လူထုလမ်းလျှောက်ပွဲတွင် ပါဝင်လမ်းလျှောက်ကြသူများက ပြည်သူ့ရင်ပြင်အတွင်းတွင် ၅ ပတ် လမ်းလျှောက်ခဲ့ကြပြီး စုရပ်တွင် ပြန်လည်နေရာယူကြကာ စုပေါင်းကိုယ်လက် လေ့ကျင့်ခန်းများကို ဆောင်ရွက် ခဲ့ကြသည်။ အဆိုပါ လူထုလမ်းလျှောက်ပွဲသို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့များ၊ ခရိုင်နှင့်မြို့နယ်များမှ ဌာဆိုင်ရာ အဖွဲ့များ၊ ဒဂုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် ပြည်သူများ စုစုပေါင်းအင်အား (၃၀၀) ကျော်တို့က ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။
ကြည်ဇေသော်