သတင်းများ

လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် အခြေခံလူတန်းစားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကုစားနိုင်ရန် ဆီနှင့်ကြက်ဥများဈေးနှုန်း ရောင်းချပေး
Dec 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်ကြီးကြပ်မှုဖြင့် အမှတ်(၃)ရပ်ကွက်၊ မဟာဘောဂလမ်းတွင် ရပ်ကွက်နေပြည်သူများစားသောက်ရေး အဆင်ပြေစေရန်အတွက် ဆီနှင့်ကြက်ဥများ ဈေးနှုန်း ချိုသာစွာဖြင့် ယမန်နေ့ နံနက်(၇)နာရီက ရောင်းချပေးလျက်ရှိသည်။
ရာသီစာ အညာဒေသထွက် ထန်းပင်မြစ်စိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ
Dec 11,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသအချို့တွင် ရာသီစာ အညာဒေသထွက် ထန်းပင်မြစ် စိုက်ပျိုးရောင်းချသူများနှင့် တစ်ဆင့်ခံဖောက်သည်ဝယ်ယူရောင်းချလုပ်ကိုင်ကြသူများ မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်း ကျေးရွာဒေသများတွင် သက်မွေးဝမ်းကျောင်းပညာများဖြင့် မိသားစုဝင်ငွေ ရရှိစေရေး သင်တန်းများပို့ချပေး
Dec 11,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အသက်မွေးပညာများဒေသတွင်း ကျွမ်းကျင်သည့်ပညာဖြင့် မိသားစုဝင်ငွေ ရရှိစေရေးအတွက် ရည်ရွယ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် ယမန်နေ့နံနက်ပိုင်းအချိန်က အကြပ်အင်းကျေးရွာအုပ်စု၊ အကြပ်အင်းကျေးရွာတွင် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းဆပ်ကော်မတီနှင့် ဟင်္သာရွှေမြေ တိုင်းဒေသကြီး တောင်သူလယ်သမားအဖွဲ့အစည်းတို့ ပူးပေါင်း၍ သက်မွေးဝမ်းကျောင်း သင်တန်း​များပေးခြင်းကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မက်မန်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ်သိန်း(၅၀၀၀)အား ဒုတိယအကြိမ် ထောက်ပံ့ချေးငွေ ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Dec 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ မက်မန်းမြို့၌ ပြည်သူများ၏ အကျိုးစီးပွားမြှင့်တင်နိုင်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၁၁)နေ့ နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာ၌ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းသရုပ်ပြ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံ-လှိုင်းဘွဲကားလမ်းမကြီး လမ်းတိုးချဲ့အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး
Dec 11,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်သူများ ဓာတ်မြေဩဇာအလွန်အကျွံသုံးစွဲခြင်းကိုလျှော့ချ၍ သဘာဝမြေဩဇာများ အစားထိုးပြောင်းလဲသုံးစွဲလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က လှိုင်းဘွဲမြို့နယ်၊ သမ္မာန်ကျေးရွာရှိ သီးနှံအလိုက် အထွက်နှုန်းထူးချွန်ဆုရရှိခဲ့သော တောင်သူဒေါ်မုထူး၏ ရတနာရွှေထူးဆန်စက်၌ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကို ကျင်းပခဲ့သည်။
ချောင်းဆုံမြို့နယ်တွင်(၂၀၂၂-၂၀၂၃) ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(Grade-5) စာမေးပွဲဆိုင်ရာမေးခွန်းတည်ဆောက်ပုံ ဆွေးနွေးပွဲကျင်းပ
Dec 11,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် အခြေခံပညာဦးစီးဌာနမှ(၂၀၂၂-၂၀၂၃ ) ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(Grade-5)ကျောင်းသား၊ ကျောင်းသူများအတွက် စာမေးပွဲဆိုင်ရာမေးခွန်းတည်ဆောက်ပုံ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁၂ )နာရီခွဲအချိန်က အ.ထ.က (ချောင်းဆုံ )သီရိရတနာ ခန်းမ၌ ကျင်းပပြုလုပ်သည်။
ကန့်ဘလူမြို့၌ အလွတ်တန်းအားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစား
Dec 11,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ဒီဇင်ဘာအားကစားလ အလွတ်တန်း အားကစားပြိုင်ပွဲများ သက်ဆိုင်ရာ နေရာများ၌ ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိရာ အလွတ်တန်းစစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၁ ရက်နေ့နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။
စိန်ရတုလွတ်လပ်ရေးနေ့(အကြို) စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကျင်းပ
Dec 11,2022
စိန်ရတုလွတ်လပ်ရေးနေ့(အကြို) အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။