ဖြူးမြို့နယ်အတွင်း ကျေးရွာဒေသများတွင် သက်မွေးဝမ်းကျောင်းပညာများဖြင့် မိသားစုဝင်ငွေ ရရှိစေရေး သင်တန်းများပို့ချပေး

ဖြူး ဒီဇင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အသက်မွေးပညာများဒေသတွင်း ကျွမ်းကျင်သည့်ပညာဖြင့် မိသားစုဝင်ငွေ ရရှိစေရေးအတွက် ရည်ရွယ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် ယမန်နေ့နံနက်ပိုင်းအချိန်က အကြပ်အင်းကျေးရွာအုပ်စု၊ အကြပ်အင်းကျေးရွာတွင် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းဆပ်ကော်မတီနှင့် ဟင်္သာရွှေမြေ တိုင်းဒေသကြီး တောင်သူလယ်သမားအဖွဲ့အစည်းတို့ ပူးပေါင်း၍ သက်မွေးဝမ်းကျောင်း သင်တန်း​များပေးခြင်းကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ပြုလုပ်ပေးရာတွင်  ကျေးရွာဒေသခံတောင်သူများအား သက်မွေးဝမ်းကျောင်း သင်တန်းပညာ(၅)မျိုး‌ဖြစ်သည့် သဘာဝမြေဩဇာပြုလုပ်နည်း၊ EMဘိုကာချီ ပြုလုပ်နည်း၊ ငါးအမိုင် နိုပြုလုပ်နည်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးနှင့် စုပေါင်းစီမံခန့်ခွဲမှုသင်တန်း၊ မှိုစိုက်ပျိုးနည်းသင်တန်းတို့ကို တိုင်းဒေသကြီးတောင်သူ လယ်သမားအဖွဲ့အစည်း ဥက္ကဋ္ဌ ဒေါ်သူဇာခိုင်နှင့် တာဝန်ရှိသူများကလက်တွေ့ သရုပ်ပြ‌သပို့ချပေးခြင်း၊ ဒေသအခြေအနေများအား ဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)