ကန့်ဘလူ ဒီဇင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ဒီဇင်ဘာအားကစားလ အလွတ်တန်း အားကစားပြိုင်ပွဲများ သက်ဆိုင်ရာ နေရာများ၌ ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိရာ အလွတ်တန်းစစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၁ ရက်နေ့နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။
ထို့ပြင် အလွတ်တန်းဘောလီဘောအားကစားပြိုင်ပွဲကို အမှတ်(၅)ရပ်ကွက်ရှိ မြန်မာအာရ်ဘီသိပ္ပံ ကျောင်းဝန်းအတွင်း၌ ယှဉ်ပြိုင် ကစားလျက်ရှိပြီး၊ စားပွဲတင်းနစ်ပြိုင်ပွဲမှာမူ ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ယမန်နေ့ညနေပိုင်းတွင် ပြီးစီးခဲ့ကြောင်းနှင့် အဆိုပါအားကစားပြိုင်ပွဲများမှ ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများအား သတ်မှတ်ရက်တွင် ဆုချီးမြှင့်ပွဲကျင်းပမည်ဖြစ်ကြောင်း ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)