စိန်ရတုလွတ်လပ်ရေးနေ့(အကြို) စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကျင်းပ

လယ်ဝေး ဒီဇင်ဘာ ၁၁

စိန်ရတုလွတ်လပ်ရေးနေ့(အကြို) အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲအား နံနက်ပိုင်းတွင် စတင်ကျင်းပရာ အ.ထ.က (ကန်သာ) မှ ကျောင်းသား၊ ကျောင်းသူ (၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဆက်လက်၍ မွန်းလွဲ(၂)နာရီတွင် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးက စိန်ရတုတိုင်ခဲ့ပြီ လွတ်လပ်ရေးအောင်ပန်းသည်နှင့် လွတ်လပ်ရေးရဲ့အသက်သွေးစည်းလုံးညီညွတ်ရေး စသည့် ခေါင်းစဉ်နှစ်ခုအား မဲနှိုက်၍ ကျရာခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဒီဇင်ဘာ ၁၂ ရက်တွင် ဆုချီးမြှင့်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေကြည်