လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် အခြေခံလူတန်းစားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကုစားနိုင်ရန် ဆီနှင့်ကြက်ဥများဈေးနှုန်း ရောင်းချပေး

လှိုင်သာယာ(အရှေ့ပိုင်း) ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်ကြီးကြပ်မှုဖြင့် အမှတ်(၃)ရပ်ကွက်၊ မဟာဘောဂလမ်းတွင် ရပ်ကွက်နေပြည်သူများစားသောက်ရေး အဆင်ပြေစေရန်အတွက် ဆီနှင့်ကြက်ဥများ ဈေးနှုန်း ချိုသာစွာဖြင့် ယမန်နေ့ နံနက်(၇)နာရီက ရောင်းချပေးလျက်ရှိသည်။

အခြေခံ စားသောက်ကုန်များဖြစ်သည့်   ဆီ၊ ကြက်ဥများ ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများ၀ယ်ယူ စားသုံးနိုင်ရေးအတွက် ရောင်းချပေးရာတွင် ပြည်သူတစ်ဦးလျှင် ဆီ၅၀သား (၂၆၅၀)ကျပ်၊ ကြက်ဥ(၅)လုံးကို (၈၇၅)ကျပ်ဖြင့်လွတ်လပ်စွာဝယ်ယူနိုင်ပြီး ရောင်းချသည့် နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ နှာခေါင်းစည်း Mask Campaign များပြုလုပ်၍ စျေးသွား၊ ဈေးလာပြည်သူများအား  Mask များအခမဲ့ဖြန့် ဝေပေးလျက်ရှိသည်။

အခြေခံစားသောက်ကုန်များဖြစ်သည့် ဆီ၊ကြက်ဥများရောင်းချ၍ ဈေးသွား၊ ဈေးလာ ပြည်သူများကို Mask Campaign ပြုလုပ်၍ Maskများအခမဲ့ဖြန့် ဝေပေးနေမှုကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၀င်များ၊ အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးအထောက်အကူပြုအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များပေါင်း၍ သက်သာသောစျေးနှုန်းဖြင့်ရပ်ကွက်၊ ကျေးရွာ (၁၄)အုပ်စုတို့တွင် အခြေခံစားသောက်ကုန်များအား အလှည့်ကျရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ (ပြန်၊ဆက်)