ချောင်းဆုံမြို့နယ်တွင်(၂၀၂၂-၂၀၂၃) ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(Grade-5) စာမေးပွဲဆိုင်ရာမေးခွန်းတည်ဆောက်ပုံ ဆွေးနွေးပွဲကျင်းပ

ချောင်းဆုံ ဒီဇင်ဘာ ၁၁

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် အခြေခံပညာဦးစီးဌာနမှ(၂၀၂၂-၂၀၂၃ ) ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(Grade-5)ကျောင်းသား၊ ကျောင်းသူများအတွက် စာမေးပွဲဆိုင်ရာမေးခွန်းတည်ဆောက်ပုံ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁၂ )နာရီခွဲအချိန်က အ.ထ.က (ချောင်းဆုံ )သီရိရတနာ ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မော်လမြိုင်ခရိုင် ပညာရေးမှူးဒေါက်တာခင်သူဇာက အခြေခံပညာမူလတန်းအဆင့်(Grade-5)အတွက် စာမေးပွဲဆိုင်ရာ မေးခွန်းတည်ဆောက်ပုံနှင့်ပတ်သက်၍ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး)ဘာသာရပ်များအား ဘာသာရပ်အလိုက် ကျောင်းအုပ်ကြီး (၅)ဦးမှ ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါဆွေးနွေးပွဲသို့ ချောင်းဆုံမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း(၁၁၁)ကျောင်းမှ​ ကျောင်းအုပ်ဆရာ/၊ဆရာမကြီးများနှင့် မူလတန်းအဆင့် ( Grade-5) သင်ကြားသည့် ဆရာ၊ ဆရာမများ စုစုပေါင်း (၂၂၂)ဦးတို့ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲတက်ရောက်ခဲ့ကြသည့် ဆရာ/ဆရာမများကလည်း ဘာသာရပ်ဆိုင်ရာ မေးခွန်းတည်ဆောက်ပုံကိစ္စနှင့်ပတ်သက်၍ အပြန်လှန်ဆွေးနွေးခဲ့ကြကြောင်း၊ မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ချောင်းဆုံ( ပြန်/ဆက်)