Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာ၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံ(နေကြာ) မျိုးစေ့ချပွဲကျင်းပ
Dec 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာရှိ ကွင်းအမှတ်(၁၉၆၂)၊ ဦးပိုင်အမှတ်(၂၇/၁)၊ တောင်သူဦးဝင်းနိုင်၏ လယ်မြေ(၄)ဧက၌ ဆောင်းသီးနှံ(နေကြာ) သီးသန့်စိုက်ပျိုးမှု မျိုးစေ့ချပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်စော်နံဘုန်းတော်ကြီးကျောင်းတွင် စစ်ကြောင်းကြီးငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Dec 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီတွင် ကော့စိန်ကျေးရွာအုပ်စု ပိုင်စော်နံ ဘုန်းတော်ကြီးကျောင်းတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သပိတ်ကျင်းတပ်နယ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေး
Dec 11,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သပိတ်ကျင်းတပ်နယ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် (ပဥ္စမ)အကြိမ် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Dec 11,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြင်းမူမြို့နယ်တွင် ဝါဈေးကောင်း၍ စိုက်ပျိုးရောင်းချသူများအဆင်ပြေ
Dec 11,2022
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ဒေသခံတောင်သူများစိုက်ပျိုးထားရှိသည့် ချည်မျှင်ရှည်ဝါများ စတင်ကောက်ယူရောင်းချလျက်ရှိရာ ယမန်နှစ်ထက် ဈေးအနည်းငယ်ပိုမိုရရှိသည့်အတွက် ဝါစိုက်ပျိုးတောင်သူများအတွက် အဆင်ပြေကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ ဆောင်းနေကြာ မျိုးသန့်ပွားစံပြကွက် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Dec 11,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ဆောင်းနေကြာ မျိုးသန့်ပွားစံပြကွက် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြကို ယမန်နေ့ နံနက် ၇ နာရီက ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် ၄၉၆၊ တောင်သူ ဦးနိုင်၏ လယ်မြေ ၅ ဧက၌ ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့တွင် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် စာကြည့်တိုက် လိုက်လံဖွင့်လှစ်
Dec 11,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက သထုံမြို့ရှိ အမက(စိန်ကုန်း)နှင့် အမက(ရှမ်းစု) အခြေခံပညာမူလတန်းကျောင်းတို့၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ် မူလတန်းကြိုကျောင်း၌ ကျား/မ ရေးရာ(Gender)နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Dec 11,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ကျား/မ ရေးရာ(Gender)နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာပျူဟာ စီမံကိန်းနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေံနံနက် ၁၁ နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17858
Page
17859
Page
17860
Page
17861
Current page
17862
Page
17863
Page
17864
Page
17865
Page
17866
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department