ကျိုက်လတ် ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ကျိုက်လတ် မြို့နယ်အတွင်း ဖြတ်သန်းပြေးဆွဲနေသည့် မော်တော်ယာဉ်နှင့် ကားဂိတ်များတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ထားရှိမှုရှိ/မရှိကို တာဝန်ရှိသူများက လိုက်လံ စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါ၍ ကျိုက်လတ်မြို့နယ်အတွင်း ဖြတ်သန်းပြေးဆွဲနေသည့် မော်တော်ယာဉ်များနှင့် မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ကားဂိတ်များတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ထားရှိမှု၊ သန့်ရှင်းမှုနှင့် အမှိုက်ခြင်းများ ထားရှိစေရေး ဆောင်ရွက်ထားရှိမှု ရှိ/မရှိ တို့ကို လိုက်လံကြည်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ဒေါ်ရီရီမြင့်
ကျိုက်လတ်(ပြန်/ဆက်)