(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကော့သောင်း ဒီဇင်ဘာ ၁၂

(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန တို့ ယနေ့နံနက်ပိုင်းက  အလက(ခွဲ) သီရိမြိုင်ကျောင်းတွင် ကျောင်းသားကျောင်းသူများအား အသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပသည်။

ရှေ့ဦးစွာ ဟောပြောပွဲတွင် ကော့သောင်းခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေဇင်ဦးက မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် သိကောင်းစရာများ ၊ ကျောင်းနေအရွယ်ကလေးဘဝမှ စတင်ကာ နိုင်ငံချစ်စိတ် ၊ လူမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေး ၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် နိုင်ငံ့အချုပ်အချာအာဏာထိန်းသိမ်းကာကွယ်စိတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ခြင်း အရေးပါမှုစသည့် ဗဟုသုတဖြစ်ဖွယ်များနှင့် သိမှတ်ဖွယ်ရာများအား အသိပညာပေးဟောပြောပြီး   ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာ သိကောင်းစရာများ၊ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူ နစ်နာဆုံးရှူံးမှုဖြစ်ပေါ်လာပါက ပြန်လည်ကုစားခွင့်နှင့်တိုင်ကြားနိုင်သည့် နည်းလမ်းများစသည့် ဗဟုသုတ ဖြစ်ဖွယ်များကို အသီးသီး အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)