ဖျာပုံ ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာ နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွားလမ်းလာပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ(၁၂)ရက်နေ့ နံနက်(၈)နာရီအချိန်က ဖျာပုံမြို့ ချောင်းတွင်းလမ်းမကြီး၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့နှင့် လူစည်ကားရာနေရာများ၌ ပြုလုပ်ကြသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
ဒုတိယဦးစီးမှူး ဦးသီဟန်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေး အသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့က ကိုဗစ် - ၁၉ ရောဂါကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး နှိုးဆော်မှုများကို မြို့ပေါ်လူစည်ကားရာ နေရာများဖြစ်သော ဖျာပုံမြို့ ချောင်းတွင်းလမ်းမကြီး၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့နှင့် လူစည်ကားရာ နေရာများတွင် Mask တပ်ဆင်ထားခြင်း မရှိသူများအား၊ Mask Campaign ဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင် ပြန်/ဆက်