ကျွန်းလှ ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကာကွယ်ဆေးထို့နှံပေးခြင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျွန်းလှမြို့၊ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းပြီး အသက် ၁၈ နှစ်အထက် ပြည်သူများအား ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်း ကာကွယ်ဆေးများကို လည်းကောင်း၊ အသက် ၁၅ နှစ်အထက် ကျောင်းပြင်ပလူငယ်များအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် အဖြစ်လည်းကောင်း ထိုးနှံပေးကြသည်။
ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ အရပ်တိုင်းခြင်း၊ ကိုယ်အလေးချိန် ချိန်ခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို
ကျွန်းလှ