လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အမှတ်(၁၅)ရပ်ကွက်အတွင်း ထိန်ထိန်ဝင်းပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်အပါး(၉၀)အား ဆန်အိတ်များနှင့်ဝတ္ထုငွေတို့ကို ဆက်ကပ်လှူဒါန်း

လှိုင်သာယာ(အရှေ့ပိုင်း)   ဒီဇင်ဘာ   ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်အတွင်း ခိုင်သဇင်လမ်းနှင့်သစ္စာလမ်းထောင့်ရှိ သံဃာတော်အပါး(၉၀)သီတင်းသုံးလျက်ရှိသော ထိန်ထိန်ဝင်းပရိယတ္တိစာသင်တိုက်သို့ ယမန်နေ့နံနက်(၈:၃၀)နာရီ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ဆန်အိတ်များနှင့်ဝတ္တူငွေများ လှူဒါန်းသည်။

အဆိုပါဆန်အိတ်များကို ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၊ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပေးပို့လှူဒါန်းသော ဆွမ်းဆန်တော်(၆)အိတ်နှင့် ဝတ္ထုငွေ ၃၅၀၀၀၀/- သုံးသိန်းငါးသောင်းကျပ်တို့ကို သံဃာတော်အပါး(၉၀)သီတင်းသုံးလျက်ရှိသော ထိန်ထိန်ဝင်းပရိယတ္တိစာသင်တိုက်ရှိကျောင်းထိုင်ဆရာတော် ဘဒန္တဝဇိရဉာဏထံသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခိုင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးကြည်သာဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးဇော်မင်းအောင်တို့က လှူဒါန်းဆက်ကပ်ပြီ ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုတိယဦးစီးမှူးတို့က ဆွမ်းဆန်စိမ်းများနှင့်ဝတ္ထုငွေတို့ကို အသီးသီးဆက်ကပ်လှူဒါန်းကြောင်း သိရှိရသည်။

ခင်ဝင်းမူ(ပြန်/ဆက်)