မိုင်းနောင် ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများတွင် ဒီဇင်ဘာအခန်းဆုံးစစ်ဆေးခြင်းစာမေးပွဲများကို စစ်ဆေးလျက်ရှိရာ အ.ထ.က မိုင်းနောင်ကျောင်းတွင်လည်း ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်(၁၁)နာရီအချိန်မှ စတင်၍ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိုင်းနောင်မြို့အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများကို ဒီဇင်ဘာလ(၉)ရက်နေ့မှ ဒီဇင်ဘာလ (၁၄)ရက်နေ့အထိ အခန်းဆုံးစစ်ဆေးခြင်းစာမေးပွဲကို ပြုလုပ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားထူးချွန်ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာရေးအတွက် မြို့နယ်အဆင့် ကျောင်းသားအားကစားပွဲတော်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများအားလုံး ကျန်းမာ၊ ပျော်ရွှင်၊ ဘေးကင်းရေးနှင့် အဆင်ပြေပြေဖြေဆိုနိုင်ရေးအတွက် ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းနှင့် ဆရာ၊ ဆရာမများက လိုအပ်သည်များဆောင်ရွက်ထားရှိပြီး မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းက စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မနန်း(မိုင်းနောင်)