ဘူးသီးတောင်မြို့၌ ကျောင်းပိတ်ရက်များတွင်ကျောင်းသား/ ကျောင်းသူများ ဗဟုသုတများတိုးပွားစေရန် စာဖတ်ရှိန်မြှင့်တင်ရေး နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကျင်းပ

ဘူးသီးတောင် ဒီဇင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဂန္ဒာရီပရဟိတဂီဟာမှုးတို့ ပူးပေါင်း၍ ဒီဇင်ဘာ ၁၁ ရက် ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကို ဂန္ဒာရီလူငယ်ပရဟိတစာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အေးအေးအောင်က အများပြည်သူများ အသိပညာ ဗဟုသုတများတိုးပွားရရှိစေရန် အမှားနှင့်အမှန်ဝေဖန် ပိုင်းခြားတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦးရင်းနှီးကျွမ်းဝင်မှုရရှိပြီး သူ့အမြင်၊ ကိုယ်အမြင်များ ဖလှယ်နိုင်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ရှိစေရန် ရည်ရွယ်၍စာဖတ်ဝိုင်းနှင့် လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင်များပြသခြင်း၊ ဗဟုသုတတိုးပွားစေရန် အားလပ်ချိန်မှာ စာအုပ်စာပေများ ဖတ်ရှု့လေ့လာနိုင်စေရန် စာအုပ်များ လာရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးဓာတ်ပုံနှင့် စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး ရုပ်ပုံပြပုံပြင်ပြောပြခြင်း အစီအစဉ်များ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)