သတင်းများ

ရွှေသောင်ယံမြို့၊ သဲကုန်းအုပ်စု၊ အုန်းချောင်းကျေးရွာတွင် ဆောင်းသီးနှံနေကြာမျိုးစေ့ ပေးအပ်ပွဲနှင့် မျိုးစေ့ချစိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ
Dec 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာတွင် ယနေ့နံနက်(၁၀)နာရီက (၂၀၂၂-၂၀၂၃) ဆောင်းသီးနှံနေကြာ မျိုးစေ့ပေးအပ်ပွဲနှင့် မျိုးစေ့ချစိုက်ပျိုးပွဲအခမ်းအနားကို အုန်းချောင်းကျေးရွာ ၁၉၉၂ (ပြင်)ဦးပိုင်အမှတ် (၁၄)တောင်သူဦးဝါးလေး၏ လယ်မြေ(၁၂)ဧကတွင် ကျင်းပပြုလုပ်သည်။
မအီမြို့၌ စက္ခုဒါန မျက်စိဆေးရုံတည်ဆောက်ပြီးစီးမှု ၈၀ ရာခိုင်နှုန်းကျော်ပြီးစီး
Dec 12,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ်၊ ပြည်တွင်း/ပြည်ပ နယ်လှည့်သာသနာပြု၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြောက်ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒနှင့် (၇) ရက်သားသမီး များ၏ ကောင်းမှုအလှူတို့ဖြင့် မအီမြို့ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာတွင် တည်ဆောက်လျက်ရှိသည့် စက္ခုဒါန မျက်စိဆေးရုံမှာ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
သာပေါင်းမြို့နယ်၊ အုပ်ရှစ်ကျေးရွာ၌ ဆောင်းနေကြာ ရေဆင်း(၁) မျိုးသန့်ပွားစံပြကွက် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ
Dec 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ၂၀၂၂ ခုနှစ်၊ ဆောင်းသီးနှံ ဆောင်းနေကြာ ရေဆင်း(၁) မျိုးသန့်ပွားစံပြကွက် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၇ နာရီက အုပ်ရှစ်ကျေးရွာအုပ်စု၊ အုပ်ရှစ်ကျေးရွာ၊ ကွင်းအမှတ် ၅၅၄ B၊ တောင်သူ ဦးမြင့်ဝင်း၊ ဦးပိုင်အမှတ်(၁၃)၏ လယ်မြေ(၅)ဧက၌ ကျင်းပကြသည်။
အမ်းမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ဖလား) U 21 အောက်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ
Dec 12,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ဖလား) U 21 အောက်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ၃နာရီအချိန်က မြို့မအားက စားကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်း ပပြုလုပ်ခဲ့သည်။
ဒီဇင်ဘာ အားကစားလှုပ်ရှားမှုတစ်ရပ် အနေဖြင့် အားကစားနှင့်ကာယာပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အားကစား ပြိုင်ပွဲများကျင်းပ
Dec 12,2022
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဒီဇင်ဘာအားကစားလှုပ်ရှားမှု အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပခဲ့သည်။
၇၅ နှစ်​မြောက်စိန်ရတုလွတ်လပ်​ရေး​နေ့ကို ကြို​ဆိုဂုဏ်ပြု​​သောအားဖြင့်၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)စာဖတ်ဝိုင်းကျင်းပ
Dec 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ၇၅ နှစ်​မြောက် စိန်ရတုလွတ်လပ်​ရေး​နေ့ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် စာရေးဆရာများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ​ရွှေဘိုအ​တွေး​ ရွှေဘို​သွေး စာ​ပေအနုပညာ မဂ္ဂဇင်းအမှတ်(၃)၊ ၂၀၂၂ ခုနှစ် စာအုပ်မှ၊ ဆရာမြတ်နိုင်ဦး(​ရွှေဘို) ရေးသားထားသည့် "​​အင်အား(၅)ရပ်"​ ဆောင်းပါးဖြင့် ယနေ့နံနက်(၁၀)နာရီချိန်က စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်(၄၆/၂၀၂၂) ဖြင့် ထုတ်ပြန်ခဲ့သော အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအား အသင်းအဖွဲ့များနှင့်ပြည်သူ လူထုသိရှိနားလည် လိုက်နာစေရန် ချပြရှင်းလင်းဆွေးနွေးခြင်းများ မြန်အောင်တွင်ဆောင်ရွက်
Dec 12,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်(၄၆/၂၀၂၂)ဖြင့် ၂၈-၁၀-၂၀၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအား အသင်းအဖွဲ့များနှင့် ပြည်သူလူထုသိရှိနားလည်လိုက်နာစေရန် ချပြရှင်းလင်းခြင်းများ ယမန်နေ့ နံနက်က မြန်အောင်ခရိုင် မြန်အောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အစည်းဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် MSME ထုတ်ကုန်လုပ်ငန်းများအား ကွင်းဆင်းစစ်‌ဆေး
Dec 12,2022
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် လုပ်ငန်းကဏ္ဍအလိုက် ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်‌ရေးနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။