ညောင်တုန်း ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မျိုးစေ့ချကရိယာဖြင့် နေကြာစိုက်ပျိုးမှု သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြမ္မာပြာသာကျေးရွာအုပ်စုတွင် ကျင်းပပြုလုပ်ခဲ့သည်။
သရုပ်ပြပွဲကို တောင်သူ ဦးအောင်ကျော်ဦး၏ ကိုင်းမြေ (၅)ဧကတွင် မျိုးစေ့ချကရိယာဖြင့် နေကြာစိုက်ပျိုးမှု သရုပ်ပြစိုက်ပျိုးခဲ့ပြီး မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများက ကြည့်ရှုအားပေးခဲ့သည်။
ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၅)အုပ်စုတွင် နေကြာ (သီးသန့်) စိုက်ဧက ၁၀၂၆၉ဧက၊ နေကြာ(သီးညှပ်)စိုက်ဧက ၃၄၂၃ ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီမှ သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)