ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာ၌ နေကြာမျိုးစေ့ချ သရုပ်ပြစိုက်ပျိုးနေမှုအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမှကြည့်ရှုအားပေး

ငပုတော ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၉)နာရီအချိန်က သက္ကယ်ချောင်းကျေးရွာ အုပ်စု၊ သက္ကယ်ချောင်း ကျေးရွာကွင်းအမှတ် (၁၃၃၆/ခ) ဦးပိုင်အမှတ် (၃၈/၄ )နှင့် ကွင်းအမှတ် (၁၃၃၆/ခ)ဦးပိုင်အမှတ်(၄၂/၁)တောင်သူ ဦးလှဝင်း၏လယ်မြေ ၂ ဒဿမ ၅ ဧကတွင် နေကြာမျိုးစေ့ချ စိုက်ပျိုးနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် နေကြာမျိုးစေ့ချ စိုက်ပျိုးနေမှုတို့ကို ကြည့်ရှူ့အားပေးခဲ့ကြပြီး အထွက်နှုန်းကောင်းမွန်စေရေးအတွက် စနစ်တကျ စိုက်ပျိုးနေမှုတို့အား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ မှာကြားခဲ့သည်။

အဆိုပါ နေကြာမျိုးစေ့ချ သရုပ်ပြစိုက်ပျိုးသရုပ်ပြပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်သူ(ငပုတော)