လိပ်သိုမြို့  လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး လူတိုင်းပါဝင်ကူညီပေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲ ပြုလုပ်

လိပ်သို  ဒီဇင်ဘာ  ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ “ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူတိုင်းပါဝင်ကူညီပေး ” အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့နေ့လည် ၁၁ နာရီအချိန်က လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ လုံခြုံစိတ်ချရသော ပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရန် လေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာများအား ကျောင်းသား/ ကျောင်းသူများ သိရှိစေရန်ရည်ရွယ်၍ သစ်ပင်သစ်တော၏ အရေးပါပုံများအကြောင်း၊ သဘာ၀ပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှုဆိုင်ရာ ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ကမ္ဘာကြီးကို ထိန်းသိမ်းပါ၊ လူရဲ့အကောင်းဆုံးမိတ်ဆွေဟာ သစ်ပင်ပါ၊ သစ်ပင်တွေဟာ နည်းမျိုးစုံနဲ့ ရေကို ထိန်းသိမ်းပေးကြောင်း၊ သစ်တောတွေဟာ ကမ္ဘာမြေရဲ့ အဆုတ်ပင်ဖြစ်ကြောင်း စသည်တို့်ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သဘာ၀ ပတ်ဝန်းကျင်စိမ်းလန်းဖို့ သစ်တောသစ်ပင်ထိန်းသိမ်းကြစို့ အသိပညာပေး နံရံကပ်စာစောင်နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများ၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နံရံကပ်စာစောင် ဆောင်ရွက်ထားရှိမှုများကိုပြသရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)