မိုင်းယု ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဘိုးဘိုးဘွားဘွား၊ လူကြီးလူငယ်နှင့်ကလေးများ အသက်ရှည်စွာနေနိုင်ရေး “သက်ရှည်ကျန်းမာစေဖို့ လမ်းလျှောက်ကြပါစို့” ခေါင်းစဉ်ဖြင့် (Talk Show) ဆွေးနွေးမှုကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၏ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးအားချာက ပုံမှန်လမ်းလျှောက်သင့်ပုံများနှင့် နေ့စဉ်လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများ၊ ဓာတ်ပုံကျွမ်းကျင်း-၂ ဦးကိုကိုနိုင်က လမ်းလျှောက်ခြင်းဖြင့် သင့်ကျန်းမာရေးအတွက် နှလုံးရောဂါတားဆီးနိုင်ပုံများ၊ အရိုးများကို သန်မာစေပုံများ၊ ကိုယ်အလေးချိန် လျော့ကျစေမှုများ အကြောင်းတို့ကို ပြောကြားသည်။ ယင်းနောက် စာကြည့်တိုက် လက်ထောက်-၃ ဒေါ်နန်းကောင်းကျောက်က ကျန်းမာရေးသည်သာလျင် ပဓာနနှင့် ရုပ်သံကျွမ်းကျင်-၃ ဦးနေဝင်းက ကျန်းမာရေးသည်သာလျင် (ပထမ၊ ဒုတိယ၊ တတိယ)စသည့် ခေါင်းစဉ်တို့ဖြင့် အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြသည်။
လမ်းလျှောက်ခြင်းကို နွေ၊ မိုး၊ ဆောင်း သုံးရာသီပတ်လုံး လမ်းလျှောက်လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ပါက သွေးလည်ပတ်မှုကို မှန်ကန်စေပြီး ယခုလိုဆောင်းရာသီ ဒီဇင်ဘာအအေးဆုံးလ၌ စောစောထကာ သင့်ကျန်းမာရေးအတွက် ပို၍လမ်းလျှောက်သင့်ပကြောင်းနှင့် မိုင်းယုမြို့တွင် ဒီဇင်ဘာလ အပတ်စဉ် စနေနေ့ နံနက်တိုင်း ဌာနဆိုင်ရာများ၊ ပြည်သူလုထူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများမှ စုပေါင်း လမ်းလျှောက်ကာ ကိုယ်ကာယအား ကစားများပြုလုပ်နေလျက်ရှိကြကြောင်း သိရသည်။
ကိုကိုနိုင်