ချမ်းမြသာစည် ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊၄၅လမ်း၊ အောင်သာယာရပ်ကွက်ဈေးတွင် ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံလူတန်းစား မိဘပြည်သူများစား၀တ်နေရေး အဆင်ပြေချောမွေ့စေရန်အတွက် ထမင်းတစ်ဗူးလျှင်၅၀၀ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်း အစီအစဉ်ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အခြေခံလူတန်းစား မိဘပြည်သူများအတွက်အဖိုးနှုန်းချိုသာစွာ ယနေ့ရောင်းချပေးသော ထမင်းဗူးတွင် ကြက်သားဟင်း၊ချဉ်ပေါင်ကြော်၊ငရုတ်သီးကြော် စသည်ဖြင့်ဖွယ်ဖွယ်ရာရာပါရှိပြီး မိဘပြည်သူများမှ ၀မ်းမြောက်ပျော်ရွှင်စွာဖြင့်၀ယ်ယူ အားပေးခဲ့ကြပါသည်။ အဆိုပါ အစီအစဉ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်နှင့် အဖွဲ့၀င်များက အနီးကပ်ကြီးကြပ်၍ ၀န်ထမ်းများက စနစ်တကျ ရောင်းချဆောင်ရွက်ပေးလျက်ရှိသည်။ အဖိုးနှုန်းချိုသာစွာဖြင့် ထမင်းဗူး ရောင်းချပေးခြင်းအစီအစဉ်ကို မြို့နယ်အတွင်း အလှည့်ကျ စနစ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)