ပုသိမ်ကြီး ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ကျေးရွာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် မြို့နယ်စီမံအုပ်အုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး ဦးဆောင်သည့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၀င်များနှင့် မြိုနယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများပါ၀င်သည့် အဖွဲ့သည် ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာရှိ ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ အချိုးကျကိုယ်စားပြုစနစ် (PR System)အား တွေ့ဆုံရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
တွေ့ဆုံရှင်းလင်းပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာ စကားပြောကြားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးက လုပ်ငန်းစဉ်များအား ဆက်လက်ရှင်းလင်း ပြောကြားကာ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် စစ်ကြောင်းကြီးများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် မိတ်ဆက်ပေးကာ ဆွေးနွေးပွဲတွင် ဆွေးနွေးတင်ပြမည့် အကြောင်းအရာများကို ပြည်သူများအား ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ခင်စောယုသင်းက အချိုးကျကိုယ်စားပြုမှုစနစ် PR System နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းခြင်းနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ မြို့နယ်အုပ်ချုပ်ရေးမှူး ကနိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)