သရက်ချောင်း ဒီဇင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၂–၂၀၂၃ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် လူရွေးချယ်ပွဲကို ယမန်နေ့က သရက်ချောင်းမြို့၊ ပန်းတောဘော်လုံးကွင်းနှင့် မြို့မအားကစားကွင်းတို့တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ မြို့နယ်အဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲယှဉ်ပြိုင်ရန် လူရွေးပွဲကျင်းပရခြင်းနှင့် စပ်လျဥ်း၍ ကျောင်းသား၊ကျောင်းသူများ ကိုယ်ကာယကျန်းမာဖွံ့ဖြိုးစေရန်၊ ဥာဏ်ရည် ဥာဏ် သွေးများတိုးတက်မြှင့်မားစေရန်၊ အားကစားတစ်ခေတ်ဆန်းသစ်မြင့် မားလာစေရန်၊ အားကစား လှုပ်ရှားမှုကို အခြေခံမှစ၍ ကျယ်ကျယ်ပြန့်ပြန့်နားလည်တက်မြောက်စေရန်၊ အားကစားပြုလုပ် ခြင်းဖြင့် ကျန်းမာရေးကောင်းကျိုးများရရှိစေမှု၊ မျိုးဆက်သစ် အားကစားသမားများပေါ်ပေါက် လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယခုလိုပြိုင်ပွဲများကျင်းပ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
ကျောင်းသားအားကစားပွဲတော်တွင်ပါဝင်ယှဉ်ပြိုင်ရန် လူရွေးချယ်ခြင်းကို မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီး၍ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကာယဆရာ၊ ဆရာမများက အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုး သား/အမျိုးသမီး ဘောလီဘောပြိုင်ပွဲစသည့် ကျောင်းသားအားကစားပြိုင်ပွဲတွင် မြို့နယ်ကိုယ်စားပြု ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ် ကြောင်း သရက်ချောင်းမြို့၊ မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သားကြီး(သရက်ချောင်း)