လဲချားတွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေး

လဲချား ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီ အချိန်က ဌာနဆိုင်ရာ ရုံးများအရောက် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်း ပေးခဲ့​သည်။

ထိုသို့ စာအုပ်၊စာစောင်များ ကွင်းဆင်းငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ မြို့နယ်စီမံကိန်းဦးစီးဌာနရုံးသို့ သုတ၊ရသ စာအုပ်၊ စာစောင်များကို ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လဲချား

မြို့နယ် (ပြန်/ဆက်)