နမ့်စန်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်ပေါင်းစုံ အလွတ်တန်း ဘောလုံးပြိုင်ပွဲအုပ်စု မဲနှိုက်ရွေးချယ်

နမ့်စန်() ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်ပေါင်းစုံအလွတ်တန်း  အမျိုးသားဘောလုံး ပြိုင်ပွဲ အုပ်စုခွဲမဲနှိုက်ရွေးချယ်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ နမ့်စန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ်မှတာဝန်ရှိသူများ၊ နမ့်စန်ခရိုင်၊ လင်းခေးခရိုင်၊ လွိုင်လင်ခရိုင်နှင့် မိုင်းရှူးခရိုင် ရှိမြို့နယ်များမှ မြို့နယ်အား/ကာမှူးများ၊ အသင်း အုပ်ချုပ်သူနှင့်နည်းပြများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းက နမ့်စန်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်ပေါင်းစုံ  အလွတ်တန်းအမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ နမ့်စန်မြို့နယ် မြို့နယ်နည်းစနစ်မှူး ဦးအေးချမ်းနိုင်နှင့် နမ့်စန်မြို့နယ် အားကစားပြိုင်ပွဲ စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ တာဝန်ရှိသူများက ဘောလုံးပြိုင်ပွဲ စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသူများက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်ပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံး ပြိုင်ပွဲအတွက် အုပ်စုခွဲခြင်းကို မဲနှိုက်၍ ဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲ ပွဲစဉ်ဇယားရေးဆွဲခဲ့ကြသည်။

အဆိုပါ အမျိုးသားဘောလုံးပြိုင်ပွဲ ကို ဒီဇင်ဘာ ၁၄ ရက်နေ့တွင် စတင်ကျင်းပ၍ နမ့်စန်(တပ်နယ်) အသင်းနှင့် မိုးနဲမြို့ အသင်းတို့ အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ခရိုင်()ခုအတွင်းရှိ မြို့နယ်များမှ ပြိုင်ပွဲဝင်အသင်း စုစုပေါင်း ၁၃ သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်