ထန်းတပင်မြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်

ထန်းတပင်(ပဲခူး)   ဒီဇင်ဘာ   ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ကျောင်းသား/သူများအသိပညာဗဟုသုတရရှိစေရေးနှင့် လွတ်လပ်ရေး၏ အနှစ်သာရကို သိရှိစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ပြုလုပ်သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သဇင်က ဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်အားပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့၀င်ဦးအောင်ဇင်မျိုးက ကျောင်းသား/ ကျောင်းသူမျာမှ လွတ်လပ်ရေးနေ့နှင့်ပတ်သက်၍  ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများ၊ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားဆောင်ရွက်မှုများနှင့်လွတ်လပ်ရေးနေ့ဖြစ် ပေါ်လာပုံသမိုင်းအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြသထားသည့် နံရံကပ်စာစောင်တွင် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ နယ်ချဲ့ဆန့်ကျင်ရေးသူရဲကောင်းများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ဘဝဖြစ်စဉ်အကြောင်းအရာများနှင့် ဗဟုသုတရစေမည့် သုတ/ရသစာအုပ်များကိုပြသထားရာ ကျောင်းသား/ကျောင်းသူများမှ ကြည့်ရှုလေ့လာကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)