စလင်းမြို့နယ်၌ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်များတွင် ပြည်သူများဗဟုသုတတိုးပွားလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲ ကျင်းပပြုလုပ်

စလင်း ဒီဇင်ဘာ ၁၃

မကွေးတိုင်ဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာနရုံး (Community Centre) ခန်းမဆောင်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ယမန်နေ့ မွန်းလွှဲ ၁ နာရီအချိန်က နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းမြင့်က အမှာစကားပြောကြားရာတွင် မိမိတို့ဌာနအနေဖြင့် ဆောင်ရွက်နေသည့် တာဝန်ဝတ္တရားများ၊ လုပ်ငန်းများအား အသိပညာပေးခြင်းနှင့်အခမ်းအနားတက်ရောက်လာကြသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအား အသိပညာပေးခြင်းနှင့် ဗဟုသုတများရရှိစေရန် စာဖတ်သည့်အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်ပြသခြင်းနှင့် ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ပြီး အားလပ်ချိန်များတွင်လည်း ဖတ်ရှုလေ့လာနိုင်ကြစေရန် မိမိသို့ဌာနသို့စာအုပ်များ အခမဲ့အသင်းဝင်ကဒ်များပြုလုပ်၍ ဖတ်ရှုငှားရမ်း နိုင်ကြောင်း စာဖတ်ခြက်း၏အကျိုးတရားများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာအုပ်ပြပွဲနှင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ ခင်းကျင်းပြသထားသည့်စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ဝင်တစားကြည့်ရှုလေ့လာ မှတ်သားကြကြောင်း သိရသည်။

မောင်လွင်(စလင်း)